Setting Up Your Account

MyanPay တွင် Account ပြုလုပ်ရန် Account Setting (၂) မျိုးရှိပါသည်။

၁။ Personal Account
၂။ Business Account

Personal Account

Personal Account သည် လူပုဂ္ဂိုလ် တစ်ဦးချင်းစီအတွက် ကိုယ်ရေးကိုယ်တာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် စီစဉ်ထားသော Account အမျိုးအစားဖြစ်ပါသည်။

Personal Account ပြုလုပ်ရန်အတွက် လိုအပ်ချက်များ။
  • မြန်မာနိုင်ငံသား၊ အသက် (၁၆) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
  • နိုင်ငံသားမှတ်ပုံတင် ရရှိပြီးသူ ဖြစ်ရမည်။
  • မြန်မာနိုင်ငံ၏ Mobile ဖုန်း (GSM, WCDMA, CDMA 800 MHz, CDMA 450 MHz) ဖုန်း တစ်မျိုးမျိုး ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
Business Account

Business Account သည် စီးပွားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့များအတွက် ရည်ရွယ်ထားသော Account အမျိုးအစားဖြစ်ပါသည်။

Business Account ပြုလုပ်ရန်အတွက် လိုအပ်ချက်များ။
  • မြန်မာနိုင်ငံသား၊ အသက် (၂ဝ) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
  • နိုင်ငံသားမှတ်ပုံတင် ရရှိပြီးသူ ဖြစ်ရမည်။
  • မြန်မာနိုင်ငံ၏ Mobile ဖုန်း (GSM, WCDMA, CDMA 800 MHz, CDMA 450 MHz) ဖုန်း တစ်မျိုးမျိုး ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
  • အဖွဲ့အစည်းမှတ်ပုံတင် (သို့) ကုမ္ပဏီမှတ်ပုံတင် (သို့) စည်ပင်မှတ်ပုံတင် စသည့် ခိုင်လုံသော အထောက်အထား ပြသနိုင်သူ ဖြစ်ရမည်။